Posts

Showing posts from July, 2013

ဘုန်းတော်ထင်ရှားသော အိမ်ထောင်ဖြစ်ရန်

Image
ခရစ်ယာန် အိမ်ထောင်များ အပေါ်မူ တည်၍ အသင်းတော် ကြီးထွားခိုင်ခံ့မှုကို ခန့်မှန်း သိရှိနိုင် ပါသည်။ ခရစ်ယာန် အိမ်ထောင် များသည် အသင်းတော်များနှင့် တိုင်းပြည်များ၏ ကျောရိုးပင် ဖြစ်သည်။ အိမ်ထောင်များသည် လူမျိုး တို့၏ ယဉ်ကျေးမှုအစလည်းဖြစ်ပါသည်။ ခရစ်ယာန် အိမ်ထောင်ဆိုသည်မှာ မိဘများနှင့် သားသမီးများကို ခရစ်တော်၏ ချစ်ခြင်းမေတ္တာဖြင့် ပေါင်း စည်းထားသော နေရာ တစ်ခုဟုလည်း ပြောနိုင်ပါသည်။ သခင်ယေရှုသည် အိမ်ထောင်၏ ဦးခေါင်းဖြစ်ပြီး နေ့စဉ် ဦးထိပ်ထား တိုင်တည်ကာ ပထမဦးစားပေး နေရာတွင် ထားရမည့်သူ ဖြစ်ပါသည်။ ဆုတောင်းရာ နေရာတစ်ခု လည်းဖြစ်သည်။ ခရစ်ယာန်အိမ်ထောင်သည် ညီညွတ်လျက် လွတ်လပ်မှု အပြည့်အ၀ဖြင့် လှုပ်ရှား လုပ်ကိုင်ရာ နေရာ တစ်ခုလည်း ဖြစ်ပြီး သခင်ယေရှုအား ယုံကြည်ခြင်း အရှိန်အ၀ါ ထွန်းတောက်သော ၀န်းကျင်၏ အလင်းလည်း ဖြစ်ပါသည်။ ၎င်းင်းအပြင် ဧည့်သည်ဝတ် ကျေသော နေရာ၊ ဘုရားကို ချစ်ကြောက် ရိုသေသော နေရာဟူ၍လည်း ပတ်ဝန်းကျင်က အသိအမှတ်ပြုသော နေရာလည်း ဖြစ်ပါသည်။ (ကမ္ဘာ ၁၈း၁၉) တွင် အာဗြဟံသည် စံပြ ခရစ်ယာန် အိမ်ထောင် ကို အစပြု ခဲ့ပါသည်။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသောဖခင် ဘုရားသခင်သည် ခင်ပွန်းသည်အား အိမ်ထောင်၏ ခေါင်းဆောင်တစ်ဦးအဖြစ် စတင် ...

ဘုရားသခင် ကောင်းမြတ်သည်

ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံသောသူ တို့ကို သိမှတ်တော်မူ၏။ (နာဟုံ ၁း၇) ဤကျမ်းပိုဒ်ကလေးသည် ဘုရားသခင် အကြောင်းကို များစွာ ပြောပြနေပါသည်။ ထိုကျမ်းပိုဒ်ကလေးသည် ကျွန်တော်တို့၏ နှလုံးသားကို ပျော်ရွှင်ဝမ်းမြောက်စေပါသည်။ ဘုရားသခင်ကို ချစ်သော သာသနာပြုဆရာ တစ်ဦး ဖြစ်သူ အေလင် ဂါဒီနာသည် အမှုတော်မြတ်ကို ဆောင် ရွက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် အခြား ခက်ခဲမှုများ ကြုံတွေ့နေရသည်။ သို့သော်လည်း သူက ပြန်လည်တုန့်ပြန်ခဲ့သည်မှာ “ဘုရားသခင်က ခွန်အားပေးထားတဲ့အချိန်မှာ ကျဆုံးခြင်းတွေက မိမိကို တုန်လှုပ် အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပါ” ဟု ၁၉၅၁ ခုနှစ် အသက် (၅၇) အရွယ်တွင် ပြောကြားခဲ့ပါသည်။ သူသည် ရောဂါဝေဒနာများနှင့် အတူ အစာငတ်မွတ်ခေါင်းပါးမှု ခံစားရပြီး တောင်အမေရိကတိုက်၏ တောင်ဘက်စွန်တွင် ရှိသော ပစ်တွန်ကျွန်တွင် သေဆုံးသွားခဲ့ပါသည်။ အထက်ပါ ရေးသားချက်ကို သူစာလောင်မွတ်သိတ်ခြင်း၊ ရေငတ်ခြင်း၊ နာကျင်ခြင်း၊ အထီးကျန်ဖြစ်ခြင်းတို့ ခံစားရချိန်တွင် ရေးသားထားခဲ့ဟန် ရှိသည်။ သူ၏ သေဆုံးနေသော ရုပ်ခန္ဓာကို တွေ့ရချိန်တွင် သူ့အနားတွင် သူရေးသားထားသော ဒိုင်ယာယီ စာအုပ်လေးတစ်အုပ်ကိုလည်း တွေ...

မီးပြတိုက်

ယနေ့ ကမ္ဘာ့ သတင်းကို နားထောင် ကြည့်မည်ဆို ပါက ကမ္ဘာ တစ်ဝှမ်းတွင် လူမျိုးရေး၊ ဘာသာရေး၊ အဓိကရုဏ်းများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ စစ်ပွဲများ၊ လူကုန် ကူးမှု၊ မူးယစ် ဆေးဝါး ပြဿနာ၊ စီးပွားရေး ကျဆင်းမှု၊ ဒုစရိုက် ရာဇဝတ် ထူပြောမှု၊ လင်မယား ကွာရှင်းမှု၊ ရင် သွေးငယ် စွန့်ပစ်မှု၊ သဘာဝ ကပ်ဘေးနှင့် ရောဂါ ဆိုးကြီးများ စသည့် အနိဋ္ဌာန်ရုံ သတင်းများက လွမ်းမိုး နေရာ ယူထားသည်ကို တွေ့ရမည် ဖြစ်သည်။ လူသားတို့ အတွက် မျှော်လင့်ချက်မှာ ယဲ့ယဲ့ ကလေး သာရှိပြီး ခိုကိုးရာ မဲ့နေသလို ခံစား နေကြ သည်။ ထိုသို့သောအခြေအနေမျိုးတွင် ဘုရား သခင်သည်လူသားများကို ဂရုမစိုက်တော့ပြီ လော။ လူသားများကို လျစ်လျူရှုနေပြီလော။ ဘုရားရှင်သည် လူသားများအား ဆင်းရဲ ဒုက္ခနှင့်ဆိုး သွမ်းမိုက်မဲမှုကို အဘယ်ကြောင့် ခွင့်ပြုထားသနည်း ဟူသောမေးခွန်းမှာ ဒွိဟဖြစ်စရာပေါ်လာပါသည်။ ဆရာကြီး ဘွန်ကီက ယာဉ်ထိန်းရဲများ အားမေးခွန်း တစ်ခုမေး ခဲ့ပါသည်။ အဘယ့်ကြောင့် ယာဉ်ထိန်းရဲ များသည် ယာဉ်တိုက်မှုကို ခွင့်ပြုထား ရသနည်းဟုမေးသောအခါ ယာဉ်ထိန်း ရဲများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အတိအ ကျထုတ်ပြန် ထားပြီသားဖြစ်သည်။ အဆိုပါစည်း ကမ်းများကို လိုက်နာလျှင် မတော် တဆယာဉ်တိုက် မှုများဖြစ်ပွ...

ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင်

အဒေါနိယာမ် ဂျက်ဆင်ကို ၁၇၈၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် မော်လ်ဒန်းမြို့တွင် မိခင် အဘိဂဲလနှင့် ဖခင် အဒေါနိယာန် ဂျက်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ထိုမြို့နယ်လေးတွင် အမှုတော်ဆောင် သင်းအုပ်ဆရာဖြစ်သော ဖခင်၏ သွေးတွေ သူ၏ အသွေးအသားထဲတွင် ဆက်လက် စီးဆင်းသွားမည်ဟူ၍ မည်သူကမျှ ကြိုတင်တွေးထားခဲ့ခြင်း မရှိပေ။ ငယ်ရွယ်စဉ်ကပင် ညဏ်ပညာထက်မြက်သော ဂျက်ဆင်သည် ၁၈၀၄ ခုနှစ်တွင် ဘရောင်း တက္ကသိုလ်တွင် ပညာသင်ကြား အောင်မြင်ခဲ့ပြီး အသက် (၁၉) နှစ်အရွယ် ၁၈၀၇ ခုနှစ်တွင် အခြေခံ အင်္ဂလိပ် သဒ္ဒါစာအုပ် တစ်အုပ်နှင့် နှင့် အမျိုးသမီးငယ်တို့၏ သင်္ချာစသည့် ပြဌာန်းစာအုပ် (၂) အုပ်ကို ဖြည့်စွတ်ဖြည့်စည်း ခဲ့လေသည်။ တတ်ကြွပြီး ထက်မြက်သော လူငယ် တစ်ယောက် ဖြစ်သည်နှင့် အညီ ထိုကာလက ပြင်သစ်ဘာသာရေး ဖောက်ပြန်မှု၊ လွဲမှားသော အတွေး အခေါ်အချို့၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီး လွတ်လပ်စွာ တွေးခေါ်ပြီး ဘုရားမဲ့ ဝါဒီကို သဘောကျ လက်ခံခဲ့လေသည်။ ထိုဝါဒကို လက်ကိုင်းပြုရင်း လူငယ်သဘာဝ စွန့်စားမှု ဖွင့်ရန် အမေရိကန် နယူယောက်မြို့ကို ခရီးပြုခဲ့ပါသည်။ ဆန္ဒနောက်ကိုလိုက်ကာ ဘ၀ စွန့်စားစိန်ခေါ်မှုများကို ရှာဖွေပြီးတဲ့ အချိန်ကာလတစ်ခုမှာတော့ အိမ်ကိ...

ပျက်စီးခြင်းနှင့် ချမ်းသာခြင်း

ထို့ကြောင့် ခဲယဉ်း ဆိုးယုတ်သော နေ့ရက် ကာလ၌ ဆီးတားနိုင့်သဖြင့် ကိစ္စ အလုံးစုံ တို့ကို ပြီးစီး၍ ခံရပ်နိုင်မည့် အကြောင်း ဘုရား သခင်ပြင်ဆင် တော်မူသော လက်နက် စုံကို ယူဆောင်ကြလော့။ ...ဘုရားသခင်၏ နှုတ်ကပတ်တော် တည်းဟူသော ဝိညာဉ် တော်၏ ထားကို၎င်း ယူဆောင်ကြ လော့။ (ဧ ၆း ၁၃၊ ၁၇)။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက် တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ အသက်နှင့် စိတ်ဝိညာဉ် ကို၎င်း အရိုးအဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်း ခွင်းတတ်၏။ စိတ်နှလုံး အကြံအစည် များကို လည်း သိမြင်တတ် ၏။ (ဟေဗြဲ ၄း၁၂)။ ငါ၏ နှုတ်ကပတ် တော်သည် မီးကဲ့သို့၎င်း ကျောက်ကို ထုချေသော သံတူကဲ့သို့ ၎င်း ဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ၏။ (ယေ ၂၃း၂၉)။ ယုံကြည်ခြင်းကို အစအဦး စုံလင်စေသော သခင်ဘုရားကို စေ့စေ့ထောက်ရှု ဆင်ခြင် သော အခါတွင်လည်း သခင် ဘုရားသည် စာတန်၏ စုံစမ်း လှည့်ဖြားခြင်းများကို ပထမအာဒံကဲ့သို့ ကျဆင်း ဆုံးရှုံးသွားခြင်း မရှိဘဲ အောင်မြင်ခဲ့သည် မှာ ကျမ်းစာ အားဖြင့်သာ ဖြစ်ကြောင်း အထင်အ ရှားပင် ဖြစ်ပါသည်။ (ရှင်မဿဲ ၄း၁-၁၁)တွင် သခင်ဘုရားက ဤလောကတွင် နေစဉ် စာတန်၏ ပရိယာယ်များနှင့် လှည့်စား ဖြားယောင်...