Posts

Showing posts from June, 2013

ကမ္ဘာကျော်ခဲ့သော "စိန့်ဖရန့်စစ်၏ ဆုတောင်း"

၁၁၈၂ ခုနှစ်တွင် အီတလီ နိုင်ငံ အစီစီမြို့တွင် ဖရန့်စစ်ကို မွေးဖွားလာခဲ့သည်။ သူ၏ ဖခင်မှာ အစီစီမြို့တွင် အလွန် ချမ်းသာ ကြွယ်ဝသော ကုန်သည် သူဌေးကြီး တစ်ဦး ဖြစ်သည်။ ဖရန့်စစ်သည် ငယ်စဉ် ကတည်း ကပင် စိတ်နှလုံး နူးညံ့ သိမ်မွေ့ပြီး ချစ်စရာ ကောင်းသူ တစ်ဦး ဖြစ်သောကြောင့် လူချစ် လူခင် ပေါများပါသည်။ သူ၏ အပေါင်း အသင်းများမှာ လူကုန်ထံများ၏ သားသမီးများဖြစ်သည်။ သူသည် စည်းစိမ် အပြည့်ဖြင့် အသက်ရှင် ကြီးထွား လာခဲ့သူဖြစ်သည်။ တစ်နေ့တွင် သူငယ်ချင်း များနှင့် ရယ်မော ပျော်ရွှင်နေခိုက် သူတောင်းစား တစ်ဦးသည် ငိုကြွေး အော်ဟစ်လျက် တောင်းရမ်းနေ သည်ကို မြင်တွေ့ လိုက်သည်။ ထိုခဏ ခြင်းတွင် သူသည် လွန်စွာ သနား ကြင်နာ မှု ဖြစ်လာ သောကြောင့် သူအိပ်ထဲမှ ရှိသမျှ ပိုက်ဆံ အားလုံးကို သူတောင်းစား၏ ခွက်ထဲသို့ ထည့်လိုက်သည်။ ထိုအပြုအမူကြောင့် သူငယ်ချင်းများ၏ လှောင်ပြောင်ဟားတိုက်မှုကို ခံစားခဲ့ရသည်။ ထိုအချိန်မှစတင်၍ ဆင်းရဲသူများ၊ ဒုက္ခရောက် နေသူ များကို မြင်တွေ့လိုက်သည့် အခါတိုင်း ရှိသမျှကို ပေးကမ်းလှူဒါန်း လေတော့သည်။ ထိုအခါ သူ၏ အိမ်သူ အိမ်သား များက ဖြုန်းတီး သူအဖြစ် လည်းကောင်း၊ ရူးသွပ်နေသူ တစ်ဦး အဖြစ်လည်းကောင်း ဆူပူကြိမ်းမောင်းကာ ပြစ်တင...

ချမ်းသာကြွယ်ဝရန်အတွက် လိုအပ်သည့် ဝိညာဉ်ရေးအချက်

သင်ကြွယ်ဝချမ်းသာခြင်းကို သင်ကိုယ်တိုင် ဖန်တီးနိုင်ရန်အတွက် ဘုရားသခင်က တန်ခိုးပေး ပြီးသားဖြစ်ပါတယ်။ အဲဒီတန်ခိုးတော်ကို ခံစားဘို့ အတွက် လိုအပ်တဲ့ အချက်များကို အခုတင်ပြပါမယ်။ ကျွန်တော်တို့ ကြွယ်ဝချမ်းသာဘို့ ဆိုတာဟာ ကောင်းကင်ဘုံ အဖဘုရားသခင်အတွက် အလွန်အရေး ကြီးပါတယ်။ ဆာလံ ၃၅း၂၇ ကိုဖတ်ကြည့်ပါ။ အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ မိမိကျွန်၏ ချမ်းသာ တိုးပွားခြင်းအကြောင်းကို နှစ်သက်သော ထာဝရဘုရားသည် ဘုန်းကြီးပါ စေသတည်း ။ (ဆာလံ ၃၅း၂၇) ယနေ့ လောကကြီးကို ကြည့်လိုက်ရင် တစ်စုံတစ်ယောက်ဟာ မိမိကို ကျော်လွန် ချမ်းသာသွားမှာကို မလိုချင်ကြပါဘူး။ အထူးသဖြင့် တပည့်တွေ၊ ကျွန်တွေက မိမိထက် ကျော်သွားကြတယ်ဆိုရင် သမ္မာ အာဇီဝနဲ့ မဟုတ်ဘဲ ကြီးပွားတိုးတက်လာတယ်လို့တောင် ထင်မြင်ယူဆတတ်ကြပါတယ်။ ဒီလိုမျိုး လူသားတွေရဲ့ စိတ်ဓါတ်မျိုး မဟုတ်ဘဲ ဘုရားသခင်ဟာ မိမိရဲ့ကျွန်ဖြစ်သူတွေကို ချမ်သာကြွယ်ဝဘို့ မျှော်လင့်နေတယ်၊ တောင့်တနေတယ်၊ နှစ်သက်ပျော်ရွှင်တယ်ဆိုတာ ဘယ်လောက်တောင် ကောင်းလိုက်ပါသလဲ။ ဒီကျမ်းပိုဒ်ကို မြင်လိုက်တော့ တစ်သက်လုံး ရောင့်ရဲ တင်းတိမ်မှုနဲ့ နေလာတဲ့ ကျွန်တော်ကိုယ်တိုင် တောင်မှ ကြွယ်ဝချမ်းသာမှုကို မျှော်လင့်တောင့် တမိပါတယ်။ ဘာဖြစ...

အဖေဆိုတာ ဘယ်လိုလူစားလဲ

Image
အခုဆိုရင် ကျွန်တော်ကိုယ်တိုင် သားသမီး (၄) ယောက်ရဲ့ ဖခင်တစ်ဦး ဖြစ်ပါတယ်။ ဖခင် မဖြစ်ခင်ကတော့ ဖခင်ဆိုတာ ကိုယ့်ကို စည်းကမ်းတွေနဲ့ အတင်းကျပ် ထားတဲ့သူ၊ အရိုက်ကြမ်းတဲ့သူ၊ အတင်းတွန်းတဲ့သူ ဆိုပြီး မြင်ခဲ့ပါတယ်။ ကိုယ့်ကို ချက်ပြုတ်၊ လျော်ဖွတ်၊ ပြုစုပေးတဲ့ အမေနဲ့ နှိုင်းယှဉ် လိုက်ရင် အဖေ့ကို အမှတ် ပေးလို့မရတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးပေါ့။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ဘခင်တစ်ဦး ဖြစ်လာပြီးတော့ သားသမီးတွေကို ကြည့်ရှုရင် ဖခင်တွေရဲ့ နှလုံးသားကို နားလည်လာပါတော့တယ်။ အဲဒီခံစားချက်ကလေးကို ကဗျာ တစ်ပုဒ်လို ချရေးလိုက်တယ်ဗျာ။ ကဗျာဆရာမဟုတ်လို့ အစဉ်မပြေနိုင်ပါဘူ။ ဒါပေမဲ့ အဲဒီ ခံစားချက် ကလေးတွေကို တော့ ချရေးချင်လို့ ဒီကဗျာလေးကို ရေးလိုက်ပါတယ်။   အဖေဆိုတာ ဘယ်လိုလူစားလဲ??? အဖေဆိုတာ မင်းပြုတ်ကျတဲ့အချိန်မှာ လှမ်းပြီး ဖမ်းဆွဲထားတဲ့သူ အဲဒါထက်မက အသာအယာလေး ဖေးမပြီး မင်းကို မတင်ပေးမဲ့သူဖြစ်တယ်။ အဖေဆိုတာ မင်းအမှားပြုလုပ်တဲ့အချိန်မှာ ထိန်းသိမ်းပေးတဲ့သူ အဲဒါထက်မက မင်းကို လမ်းမှန်ကို ရောက်အောင် ဆုံးမသွန်သင်မှုများနဲ့ ပို့ဆောင်ပေးမဲ့သူဖြစ်တယ်။ အဖေဆိုတာ မင်းနာကျင်နေတဲ့အချိန်မှာ မင်းအနားမှာရှိနေတဲ့သူ အဲဒါထက်မက မင်းပျော်ရွှင်ကြည်နှုးလာအောင...

ဘခင်ကြီး နောဧ

Image
“နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကို ခံရပြီးမှ၊ ယုံကြည်ခြင်း အားဖြင့် ကြောက်ရွံ့သော စိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ၏။ ထိုသို့ ယုံကြည်ခြင်းအားဖြင့် လောကီ သားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်း ကိုလည်း အမွေခံရ၏။”  (ဟေဗြဲ ၁၁း၇) ယနေ့ ဤကမ္ဘာလောကကြီးထဲတွင် စွမ်းဆောင်ရည် ထက်မျက်သော လူများစွာ ရှိပါသည်။ အချို့ သည် ငွေကြေး ပြည့်စုံပြီး၊ အချို့ကမူ အရာရှိ၊ အရာခံများဖြစ်သောကြောင့် သြဇာအာဏာလည်း ထက်မြက်ကြ ပါသည်။ ထိုသူတို့၏ သားသမီးများသည် သူတို့၏ ဖခင်များအတွက် နေရာတိုင်းတွင် မျက်နှာရပြီူး ဂုဏ်ယူစရာ ကောင်းတတ်ကြပါသည်။ သို့သော် အချို့မှာမူ ဆန့်ကျင်ဘက် အနေအထားဖြစ်သည်။ ဘခင်ဖြစ်သူက ရိုးသားဖြောင့်မက်မှုဖြင့် ကောင်းစွာ အသက်ရှင်သည်။ သူ၏ ရိုးသားဖြောင့်မက်မှုကို လူအချို့ အသိအမှတ်မပြုကြ။ “ဒီလူက စာအုပ်ကြီးအတိုင်း လုပ်နေတာ” “လူရိုး” “လူအ” စသည်ဖြင့် ပြောဆိုနေကြသည်။ သူတို့၏ သားသမီးများမှာ ဘခင်ဖြစ်သူ၏ ရိုးသားမှု သည် သူတို့အတွက် ရှက်စရာ ဖြစ်နေတတ်ကြသည်။ နောဧ၏ အသက်တာမှ အနည်းငယ် ဖော်ပြလိုပါသည်။ ဤကမ္ဘာကြီး တစ်ခုလုံးတွင် ရှိသမျှသည် ဆိုးညစ်ခြင်းတို့ဖြင...

ဖခင်များနေ့အတွက် ကျမ်းချက်များ

သားသမီးကို သင်ရမယ့် အဖေ့တာဝန် အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိ သမျှနှင့် ချစ်လော့။ ယနေ့ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏ သားသမီး တို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကို ပြောရမည်။ ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း ချည်ထားရမည်။ အိမ်တံခါး၊မြို့တံခါးတို့၌လည်း ရေးထားရမည်။ (တရားဟော ၆း၎-၉) သားသမီးဆိုတာ အဖေ့ရဲ့ ရတနာလေးတွေ ဘွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ ၏။ အသက်ပျိုစဉ်၊ ဘွားမြင်သော သားသမီးတို့သည် သူရဲလက်၌ ရှိသော မြှားကဲ့သို့ဖြစ်ကြ၏။ (ဆာလံ ၁၂၇း၃-၄)   အဖေဂုဏ်ယူစရာကောင်းတဲ့ သားသမီး ဖြောင့်မတ်သောသူ၏ အဘသည် အလွန်ဝမ်း မြောက်လိမ့်မည်၊၊ ပညာရှိသောသားကို ဖြစ်ဘွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။  (သုတ္တံ ၂၃း၂၄) ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သော သားမူကား၊ အမိဝမ်းန...

ဖခင်များနေ့မှာ ဖခင်များကို ဂုဏ်ပြုပါ။

ဖခင်ဆိုသည်မှာ ကျွန်ုပ်တို့၏ ဘဝအသက်တာတွင် အရေးကြီးသော နေရာ အစိတ်အပိုင်းတွင် ရှိနေပါသည်။ ဖခင်က ကျွန်ုပ်တို့ကို လောကကြီးထဲတွင် ကောင်းစွာ အသက်ရှင်ရန် လမ်းပြသွန်သင်ပေးခဲ့သော ပထမဦးဆုံးသော လက်ဦးဆရာ တစ်ဦးဖြစ်ပါသည်။ ဖခင်များသည် သားသမီးများအတွက် အမြဲတမ်း အနုတ်လက္ခဏာ ဘက်မှ နေကာ စဉ်းစားပေးတတ်သူမဟုတ်။ အပေါင်းလက္ခဏာ ဘက်မှ နေကာ စဉ်းစားပေးတတ်သူ ဖြစ်သည်။ ဖခင်များသည် ကျွန်တော်တို့၏ နှလုံးသားမှ တောင့်တမှုများကို အမြဲတမ်း ဖြည့်ဆည်းပေးတတ်သူဖြစ်သည်။ ဖခင်သည် ကျွန်တော်တို့ ဘဝတွင် အကောင်ဆုံးသော အဖော်မွန် ဖြစ်ပါသည်။ ဖခင်များသည် သားသမီးများ၏ ဘဝတွင် အများဆုံး လွှမ်းမိုးနိုင်သူဖြစ်သည်။ သူ၏ အစီအစဉ်နှင့် ရည်မှန်းချက်များကို တစ်ခါတစ်ရံ တိုက်ရိုက်သော်လည်းကောင်း၊ တစ်ခါ တစ်ရံ မိခင်ဖြစ်သူမှ တစ်ဆင့်သော်လည်းကောင်း ကလေးများအတွက် အမြဲ ဆောင်ရွက်တတ်သူ ဖြစ်ပါသည်။ လောကတွင် ဖခင်မရှိဘဲ ကြီးပြင်းလာသူတွေ အများအပြား ရှိပါသည်။ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။ ဖခင်များ နှင့် ကြီးပြင်ခွင့် သူတို့၏ ထိန်းသိမ်း စောင့်ရှောက်မှုအောက်တွင် အသက်ရှင်ခွင့် ရသောသူတို့သည် ဘုရားသခင်၏ ကြီးမားသော ကောင်းကြီးမင်္ဂလာ တစ်ခု ဖြစ်ကြောင်း နားလည် သင့်...

ဖခင်များနေ့ ဖြစ်ပေါ်လာပုံ သမိုင်း

Image
နောက်တစ်ပတ် တနင်္ဂနွေနေ့ဟာ ဖခင်များနေ့ ဖြစ်တာကြောင့် ဖခင်များနေ့နဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်းလေးကို ဗဟုသုအနေဖြင့် မှတ်သားနိုင်စေဘို့ တတ်နိုင်သလောက် ရှာဖွေ စူစည်းပြီး ဖော်ပြလိုက်ပါတယ်။ ၁၉၀၉ ခုနှစ် မှာ ကျင်းပတဲ့ မိခင်များနေ့မှာ သင်းအုပ်ဆရာက မိခင်များကို ဂုဏ်ပြုတဲ့ တရားဒေသနာကို ဟောပြောနေပါတယ်။ အဲဒီအချိန်မှာ Sonora Smart Dodd ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ဖခင်ကိုလည်း ဂုဏ်ပြုချင်တဲ့ နှလုံးသားဖြစ်လာပါတယ်။ ဒါကြောင့် ဝတ်ပြု ကိုးကွယ်မှု အစီအစဉ် ပြီးသွားတဲ့အခါမှာ သင်အုပ်ဆရာထံကို ချက်ချင်းသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မိခင်များနေ့ ရှိသကဲ့သို့ ဖခင်များနေ့ကို သတ်မှတ်ပြီး ဂုဏ်ပြုသင့်တဲ့အကြောင်း ပြောဆို တင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမ ဖခင်ရဲ့ မွေးနေ့ဖြစ်တဲ့ ဂျွန်လ (၅) ရက်နေ့မှာ ပြုလုပ်လိုကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သင်းအုပ်ဆရာက အဲဒီရက်မှာ ပြုလုပ်မယ်ဆိုရင် ပြင်ဆင်ချိန် အလွန်နည်းပါးနေလို့ တရားဟောချက် ပြင်ဆင်ဘို့ အချိန်ရအောင် ဂျွန်လ တတိယနေ့မှာ ပြုလုပ်ဘို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။ သူမရဲ့ ဖခင် ဖြစ်သူ Mr William Jackson Smart  ဟာ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲမှာ ပါဝင် စစ်မှုထမ်းခဲ့တဲ့သူပါ။ သူ...

ယုံကြည်ရုံနဲ့ဘဲ အသက်ရှင်သွားမှာလား

Image
““သင်တို့သွား၍ လူမျိုးတကာတို့အား ငါ့တပည့် ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသာ ၀ိညာဉ်တော်၏ နာမ၌ ဗတ်္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော် တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြ၀ါဒပေး ကြလော့။ ငါသည်လည်း ကပ်ကမ်္ဘာကုန်သည့်တိုင် အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏”” (မဿဲ ၂၈း၂၉-၃၀)။ အထက်ပါ ကျမ်းပိုဒ်သည် သခင်ယေရှု လောကတွင် အသက်ရှင်နေထိုင်စဉ် ခမည်းတော်က မိမိအား စေခိုင်း ထားသော တာဝန်များကို အတူတကွ ထမ်းဆောင်ခဲ့သော တပည့်တော်တို့အား သူမရှိသောအခါတွင် ဆက်လက် လုပ်ဆောင်ရန် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ ဤ မိန့်မှာချက်သည် ရှေးဦး ယုံကြည်သူများ အတွက်သာ မဟုတ်ပါ။ ယနေ့ (၂၁) ရာစုတွင် အသက်ရှင် နေထိုင်ကြသော ခရစ်တော်ဘုရား၏ ကယ်တင် ခြင်းအမှုကို ယုံကြည် လက်ခံကြ ကုန်သော ယုံ ကြည်သူတိုင်းနှင့် တိုက်ရိုက် သက်ဆိုင် နေဆဲဖြစ် သည်။ ထို့ကြောင့် ယနေ့ (၂၁) ရာစု ယုံကြည်သူ အယောက်စီတိုင်းသည် သခင်ယေရှု တာဝန်ပေး အပ်ခဲ့သော တစ်နည်း အားဖြင့် သခင်ယေရှု လုပ် ဆောင်ခဲ့သော ကယ်တင်ခြင်း အကြောင်း အရာများကို မိမိလက်ခံ ယုံကြည်ရုံမျှ မဟုတ်ဘဲ မိမိနှင့်ထိတွေ့သော လူသားတိုင်းကို ဆက်လက် ဝေငှရန် လုပ်ဆောင...

MP3 တရားဟောချက်များ

ဒီရက်ပိုင်းအတွင် အလုပ်များနေတာကြောင့် စာရေးဘို့ ပျက်ကွက်နေပါတယ်။ ကျွန်တော့်ရဲ့ ဒီဘလောဂ်ကလေးကို အစဉ်အားပေး လာရောဖတ်ရှုတဲ့ အွန်လိုင်းမိတ်ဆွေတွေကို အရမ်းအားနာမိပါတယ်။ ဒါကြောင့် စာမရေးနိုင်ပေးမဲ့ နှုတ်ခပတ်တော်နဲ့ ခွန်အားယူနိုင်ဘို့ MP3 တရားဟောချက် ကလေးတွေကို တင်ပေးလိုက်ပါတယ်။ မိမိတို့ရဲ့ Handphone နဲ့ MP3 ပလေးယာ  လေးတွေထဲမှာ ထဲ့ပြီး ဘစ်ကား စီးတဲ့အခါ၊ အလုပ်လုပ်နေတဲ့အခါ၊ သွားလာရင်း နာထောင်နိုင်ဘို့ တရားဟောချက်ကလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီတရားဟောချက်တွေဟာ ကျွန်တော်တို့ ကိုးမိုင်ခရစ်ယာန်အသင်းတော် မှာ ဝေငှတဲ့ တရားဟောချက် များ ဖြစ်ပါတယ်။ ဒေါင်းလုပ်ဆွဲတဲ့အခါမှာလည်း အကြာကြီး ဆွဲစရာ မလိုအောင် ဖိုင်ဆိုက် သေးသေးလေး ဖန်တီးပေးလိုက်ပါတယ်။ အင်တာနက် နှေးကွေးတဲ့ နေရာမှာတောင် ပြဿနာ မရှိအောင် ကြိုးစားပေးထားပါတယ်။ အားလုံးကျေနပ် ခွန်အားရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ Rev. Dr ပေါလ်ခေကျိုင်း၏ တရားဟောချက် (ကျေးဇူးတော်ကို အလွဲသုံးသူများ) [soundcloud url="http://api.soundcloud.com/tracks/95970067" params="" width=" 100%" height="166" iframe="true" /] http://www.4...