ယုံကြည်ရုံနဲ့ဘဲ အသက်ရှင်သွားမှာလား


““သင်တို့သွား၍ လူမျိုးတကာတို့အား ငါ့တပည့် ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသာ ၀ိညာဉ်တော်၏ နာမ၌ ဗတ်္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော် တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြ၀ါဒပေး ကြလော့။ ငါသည်လည်း ကပ်ကမ်္ဘာကုန်သည့်တိုင် အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏””(မဿဲ ၂၈း၂၉-၃၀)။



အထက်ပါ ကျမ်းပိုဒ်သည် သခင်ယေရှု လောကတွင် အသက်ရှင်နေထိုင်စဉ် ခမည်းတော်က မိမိအား စေခိုင်း ထားသော တာဝန်များကို အတူတကွ ထမ်းဆောင်ခဲ့သော တပည့်တော်တို့အား သူမရှိသောအခါတွင် ဆက်လက် လုပ်ဆောင်ရန် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ ဤ မိန့်မှာချက်သည် ရှေးဦး ယုံကြည်သူများ အတွက်သာ မဟုတ်ပါ။ ယနေ့ (၂၁) ရာစုတွင် အသက်ရှင် နေထိုင်ကြသော ခရစ်တော်ဘုရား၏ ကယ်တင် ခြင်းအမှုကို ယုံကြည် လက်ခံကြ ကုန်သော ယုံ ကြည်သူတိုင်းနှင့် တိုက်ရိုက် သက်ဆိုင် နေဆဲဖြစ် သည်။



ထို့ကြောင့် ယနေ့ (၂၁) ရာစု ယုံကြည်သူ အယောက်စီတိုင်းသည် သခင်ယေရှု တာဝန်ပေး အပ်ခဲ့သော တစ်နည်း အားဖြင့် သခင်ယေရှု လုပ် ဆောင်ခဲ့သော ကယ်တင်ခြင်း အကြောင်း အရာများကို မိမိလက်ခံ ယုံကြည်ရုံမျှ မဟုတ်ဘဲ မိမိနှင့်ထိတွေ့သော လူသားတိုင်းကို ဆက်လက် ဝေငှရန် လုပ်ဆောင်ရပါမည်။ ဤသည်ကား ကျွန်ုပ်တို့ ယုံကြည် သူတိုင်းအား ဘုရားပေး အပ်ထားသော တာဝန် ဖြစ်သည်။ ယုံကြည်သူတိုင်း အတွက် ဘုရားသခင် ၏ အမိန့်တော်ဖြစ်သည်။ သင်တစ်ဦးတည်း ကယ်တင်ခြင်းကို အတ်္တကြီးစွာဖြင့် မိမိအတွက်သာ သိမ်းဆည်း မထားပါနှင့်။ ဤ ကယ်တင်ခြင်း အလင်းတရားကို တစ်ပါးသူတို့ ဆက်လက်ဝေငှရန် အတွက် မိမိအသက်တာကို ဆက်ကပ်အပ်နှံ၍ လုပ်ဆောင်ရန် အချိန်တန် နေပြီဖြစ်သည်။ ခရစ်တော်၏ ကယ်တင်ခြင်းကို မခံစားရဘဲ ဤလောကကြီးမှ ထွက်ခွာသွားရသူ ဒုနှင့်ဒေး ရှိနေပါသည်။ ထိုသူတို့ ၏ အသက် ၀ိညာဉ် ကယ်တင်ခြင်း ခံစားရရန် အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့ အသက်တာကို သူနှင့်နှင့်အတူ လက်တွဲလုပ်ဆောင်ရန် အလိုရှိနေ ပါသည်။


ဆရာ ယုဒဿန်သည် ဘုရားသခင်၏ အလိုတော်ကို နက်ရှိုင်းစွာ သိရှိ ခံစားခဲ့ရ ပြီးသည့်နောက် ဘုရားရှင် စေခိုင်းတော် မူသော အမှုတော် အတွက် မြန်မာ ပြည်သူ ပြည်သား အယောက်စီတိုင်း ဘုရားသခင်၏ မေတ္တာတော်နှင့် အပြစ် ခွင့်လွှတ်ခြင်းကို ခံစားရရှိရန် အတွက် ဆက်ကပ်အ သက်ရှင် ခဲ့သောကြောင့် ကျွန်ုပ်တို့အယောက်စီတိုင်း ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ခံစားရရှိ ခဲ့ပါသည်။ ဆရာယုဒဿန်၏ ကိုယ်ကျိုးစွန့် လုပ်ဆောင်ခဲ့သော ရလဒ်ဖြစ်ပါသည်။ ထို့ကြောင့် နောက်ဆုံးသော ကာလသည် တရွေ့ရွေ့နီးကပ် လာနေပြီ ဖြစ်သည်။ ယုံကြည်သူ မိတ်ဆွေ ယုံကြည် ရုံနဲ့တင် မိမိအသက်တာကို စိတ်ကြိုက်မောင်းနှင် အသက်ရှင်သွားမယ်ဆိုရင် ဘုရားပေးသောတာ ၀န်ကို ဥပေက္ခာ ပြုနေသော၊ တာဝန်မဲ့စွာ အသက် ရှင်နေသော၊ ဘုရား၏ကောင်းကြီးကို အတ္တ ကြီးစွာ ခံစား အသက်ရှင်နေသော၊ ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသော်လည်း တာဝန် မဲ့စွာ အသက်ရှင်နေသော ယုံကြည်သူတစ်ယောက် သက်သက်သာ ဖြစ်နေ ပါမည်။


မိတ်ဆွေ ဘုရားရှင် ပေးအပ်သော တာဝန်ကို လုပ်ဆောင်ရာတွင်လည်း သင်တစ်ဦးတည်း လုပ်ဆောင်နေရမည် မဟုတ်ပါ။ ဘုရားရှင် ကိုယ်တော်တိုင် အတူလုပ်ဆောင်ပေး နေမည်ဖြစ် ကြောင်း နှုတ်ကပတ်တော် အားဖြင့် ကတိထားရှိ ပါသည်။ ကပ်ကမ္ဘာ ကုန်သည့်တိုင်အောင် ဖြစ်ပါ သည်။


ထို့ကြောင့် ဘုရားရှင်က ကျွန်ုပ်တို့အား သူ၏ အမှုတော်မြတ် အကြံအစည်တော် အတွက် ယုံကြည်သူတိုင်း ပါဝင် လက်တွဲ လုပ်ဆောင်ရန် ဆန္ဒ တော် ရှိသည့် အတိုင်း ထိုအမိန့်တော် မြတ်ကို နာခံ လိုသော ယုံကြည်သူများ၏ နှလုံးသား များကိုလည်း စစ်ဆေးလျက်ရှိပါသည်။


ယုံကြည်သူ မိတ်ဆွေ အနေဖြင့် ပြန်လည် တုံ့ပြန်ရန် အချိန်သည် ယခုပင် ရောက်နေပြီ။ စဉ်းစားပါ မိတ်ဆွေ။ ယုံကြည်ရုံပဲ အသက်ရှင် နေထိုင် သွားမှာလား.. ကိုယ်တော်ကို ချစ်ကြောင်း၊ နာခံ ကြောင်းကို ဘုရားပေးတဲ့ တာဝန်ကို လက်ခံပြီး တုံ့ ပြန်ရင်း အစေခံ အသက်ရှင်မှာလား..။


ကိုယ်တော် (ခရစ်တော်) ကတော့ သူချစ် တဲ့ယုံကြည်သူတိုင်းရဲ့ တုံ့ပြန်တဲ့ နှလုံးသားကို စောင့်စားရင်း သူနှင့်အတူ လက်တွဲလုပ်ဆောင်ဖို့ စောင့် စား မျှော်လင့်နေတဲ့အတွက် စိန်ခေါ်သံမှ တဆင့် စိန်ခေါ်လိုက်ပါရစေ..။


ဆရာ ပေါလ်ဇံ


၂၀၁၀ ခုနှစ် ဂျူလိုင်လထုပ် စိန်ခေါ်သံမဂ္ဂဇင်းမှ ဆရာ ပေါလ်ဇံ၏ ရေးသားချက်ကို ပြန်လည် ကူးယူ ဖေါ်ပြပါသည်။

Comments

  1. ahwumee htamai10 June 2013 at 14:51

    Thank you,I will shear it on the facebook.

    ReplyDelete

Post a Comment

Popular posts from this blog

ဖခင်များနေ့အတွက် ကျမ်းချက်များ

သမ္မာကျမ်းစာမှ အမည်များ

ဘာကြောင့် ဘုရားကျောင်း တတ်ရတာလဲ။