ဖခင်များနေ့အတွက် ကျမ်းချက်များ
သားသမီးကို သင်ရမယ့် အဖေ့တာဝန်
အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိ သမျှနှင့် ချစ်လော့။ ယနေ့ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏ သားသမီး တို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကို ပြောရမည်။ ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း ချည်ထားရမည်။ အိမ်တံခါး၊မြို့တံခါးတို့၌လည်း ရေးထားရမည်။ (တရားဟော ၆း၎-၉)
သားသမီးဆိုတာ အဖေ့ရဲ့ ရတနာလေးတွေ
ဘွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ ၏။ အသက်ပျိုစဉ်၊ ဘွားမြင်သော သားသမီးတို့သည် သူရဲလက်၌ ရှိသော မြှားကဲ့သို့ဖြစ်ကြ၏။ (ဆာလံ ၁၂၇း၃-၄)
အဖေဂုဏ်ယူစရာကောင်းတဲ့ သားသမီး
ဖြောင့်မတ်သောသူ၏ အဘသည် အလွန်ဝမ်း မြောက်လိမ့်မည်၊၊ ပညာရှိသောသားကို ဖြစ်ဘွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။ (သုတ္တံ ၂၃း၂၄)
ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သော သားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။ (သုတ္တံ ၁၀း၁)
ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းလမ်းသို့ လိုက်၍၊ သူ၏ သားစဉ် မြေးဆက်တို့သည် မင်္ဂလာရှိကြ၏၊၊ (သုတ္တံ ၂၀း၇)
စည်းကမ်းနဲ့ ထားတဲ့ အဖေ
ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏ အပြစ်ကို စစ်ဆေး တော်မူသောအခါ စိတ်မပျက် စေနှင့်။ ထာဝရဘုရားသည် ချစ်တော် မူသောသူကို ဆုံးမတော် မူတတ်၏။ နှစ်သက် တော်မူသော သားကို ဒဏ်ခတ်တော်မူတတ်၏။ (သုတ္တံ ၃း၁၁-၁၂)
သူငယ်ကို မဆုံးမဘဲ မနေနှင့်၊၊ ကြိမ်လုံးနှင့် ရိုက်သော်လည်း သူသည်မသေ၊၁၄ကြိမ်လုံးနှင့် ရိုက်၍ သူ၏ အသက်ဝိညာဉ်ကို မရဏာနိုင်ငံမှ ကယ်နှုတ်ရမည်၊၊ (သုတ္တံ ၂၃း၁၃-၁၄)
သင့်ကို ဖြစ်ဘွားစေသော အဘ၏ စကားကို နားထောင်လော့၊၊ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်၊၊ (သုတ္တံ ၂၃း၂၂)
အဖေ့ရဲ့ သက်သေခံချက်ကို ပြန်ပြောပါ။
ကိုယ်သားတို့အားပြောကြလော့။ သူတို့သည် သူတို့သားတို့အားပြောကြစေ။ သူတို့သားတို့သည်လည်း ဆက်နွှယ်သောအခြားသူတို့အား ပြောကြစေ။ (ယောလ ၁း၃)
အဖေ ဂရုစိုက်တဲ့ ကျမ်းပိုဒ်
အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်၊ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန် သင်ခြင်း ကို ပြုလျက်ကျွေးမွေးကြလော့။ (ဧဖက် ၆း၎)
အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည်အားလျော့ စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။ (ကောလောသဲ ၃း၂၁)
အဖေ့ရဲ့ အဖေ
ဘုရားသခင်သည် သန့်ရှင်းသောဘုံဗိမာန်တော်၌ စံပယ်လျက် မိဘမရှိ သောသူတို့၏ အဘဖြစ်၍ မုတ်ဆိုးမ တို့ဘက်မှာ တရားစီရင်တော်မူ၏။ (ဆာလံ ၆၈း၅-၆)
အဖေ့ရဲ့ သနားစုံမတ်ခြင်း
အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက်တော် မူ၏။ (ဆာလံ ၁၀၃း၁၃)
အမြဲခွင့်လွှတ်တတ်တဲ့ အဖေ
သားကလည်း၊ အဘ၊ အကျွန်ုပ်သည်ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါဟု ဆိုလျှင်၊ အဘက၊ မြတ်သောဝတ်လုံကိုယူခဲ့၍သူ့ကို ခြုံကြ၊ သူ၏လက်၌လက်စွပ်တန်ဆာကိုဆင်ကြ။ ခြေနင်း ကိုလည်း စီးစေကြ။ ဆူအောင် ကျွေးသော နွားကလေးကို ယူ၍သတ်ကြ။ သို့ပြီးမှငါတို့သည် စားကြကုန်အံ့။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့။ ငါ့သားသည်အထက်ကသေ၏၊ ယခုရှင်ပြန်၏။ အထက်က ပျောက်၏၊ ယခုတွေ့ပြန် ၏ဟု အစေအပါတို့ကိုဆိုပြီးမှ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ခြင်းကိုပြုကြ၏။ (လုကာ ၁၅း၂၁-၂၄)
သားသမီးတွေကို ရင်ခွင်ထဲမှာ ထားချင်တဲ့ အဖေ
ထိုအခါ ငါက၊ မထိတ်လန့်ကြနှင့်၊ သူတို့ကို မကြောက်ကြနှင့်။ သင်တို့ရှေ့မှာကြွတော်မူသော သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ မျက်မှောက်၊ အဲဂုတ္တုပြည်၌၄င်း၊ သင်တို့လိုက်လာသော လမ်းတ ရှောက်လုံး၊ ဤအရပ်တိုင်အောင် အဘသည် သားကိုချီပိုက်သကဲ့သို့၊ သင်တို့၏ဘုရား သခင်ထာဝရဘုရားသည် သင်တို့ကိုချီပိုက်တော်မှုသောကျေးဇူးတော်ကို ခံရာ တော၌၄င်း၊ သင်တို့အဘို့ ပြုတော်မူသကဲ့သို့၊ သင်တို့ဘက်၌ စက်ကူတော်မူမည် (တရားဟော ၁း၂၉-၃၁)
ကောင်းစားချင်ရင် မိဘကို ရိုသေ
သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကိုရိုသေစွာ ပြုလော့။ (ထွက်မြောက်ရာ ၂၀း၁၂)
ဆုံးမတာကို မကြိုက်ရင် အဖေ့သားမဟုတ်
သင်တို့သည် ဆုံးမတော်မူခြင်းကိုခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ ကိုပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော။ ၈သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားအရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏။ (ဟေဗြဲ ၁၂း၇-၈)
Comments
Post a Comment