သင်၏နေရာကို ရှာဖွေခြင်း

အချို့သော သူများသည် မိမိတာဝန် ထမ်းဆောင်ရသောနေရာ (သို့) မိမိ လုပ်ဆောင်ရသော အလုပ်ကို မလုပ်ချင်ကြချေ။ သူတို့သည် အခြား သူများ၏ အလုပ်နှင့် တာဝန်များကို ပိုမို အထင်ကြီး လေးစား ကြသည်။ ထိုနေရာကို ပိုမို မက်မော တမ်းတ လိုချင် တပ်မက် ကြသည်။ ထိုနေ ရာကို ရရန် အမျိုးမျိုး ကလားဖန်ထိုး (ချေထိုး) ပုပ်ခပ် ပြုလုပ်ကြသည်။

 

ကျွန်တော်တို့သည် အသင်းတော်တွင် အမှုတော် မြတ်တွင် ပါဝင်လုပ်ဆောင်သည့်အခါ ထိုကဲ့သို့သော အမှုမျိုး မြင်တွေ့ ကြားသိ ကြုံဆုံ ဘူး ကြမည် ဖြစ်ပါသည်။ အချို့သော သူများသည် အထင်ကြီးစေရန် လိပ်စာကဒ်များတွင် ဘွဲ့နာမ အမျိုးမျိုး ဂုဏ်ထူး အမျိုးမျိုး ရေးသား တပ်ဆင်ကာ လက်ရှိနေရာမှ သူအထင်ကြီးသော နေရာသို့ ရောက်ရှိနိုင်ရန် ကြိုးစား ဆောင်ရွက်ကြသည်။ တစ်ချို့က နှုတ်ဖြင့် မိမိ အဘယ် မျှ ရင့်ကျက်ကြောင်း လူများ သိစေရန် ပြောဆိုကြသည်။ လူအချို့က မည်မျှလောက် စွမ်းဆောင်နိုင်ကြောင်း ပိုပို သာသာ ပြောဆိုကြသည်။ ဘုရားသခင်က သူ့ကို မည်ကဲ့သို့ ပြောဆိုခဲ့ပြီး၊ မည်ကဲ့သို့ အသုံးပြုခဲ့ကြောင်းကို ပြောဆို ကြသည်။ သူတို့သည် ဘုရားသခင် ပေးထားသော ခန္ဓာကိုယ်ဖြင့် တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိစေရန် ကြိုးစားနေသည်။ ဘုရားသခင်သည် ရာထူး လိုအပ်သောသူကို ရာထူးတိုးပေးနေ ပါသည်။ အမှုတော်အတွက် လိုအပ်သောသူကို လိုအပ်သလို အခြေအနေ မြှင့်တင် ပေးလျှက် ရှိပါသည်။ ဘုရားသခင်သည် သူနေရာ ချပေး လိုသူကို နေရာ ချပေးလျှက် ရှိပါသည်။ အကယ်၍ ဘုရားသခင်က သင့်အား ထိုနေရာတွင် ထားရှိလျှင် ကိုယ်တော်မြတ်သည် ထားသော နေရာ ဖြစ်သဖြင့် သင့်ကို မည်သူကမျှ ဖယ်ထုပ်၍ ရနိုင်မည် မဟုတ်ပါ။

 

"ရှင်ဘုရင် ဇာဒုတ်ကို ခေါ်၍ ဘုရားသခင်၏ သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော။ ထာဝရ ဘုရားသည် ငါ့ကို စိတ်တော်နှင့် တွေ့လျှင် ငါ့ကို ပို့ပြန်၍ သေတ္တာတော်ကိုလည်းကောင်း၊ ကျိန်းဝပ်တော်မူရာ အရပ်ကိုလည်းကောင်း ပြတော်မူမည်။ သို့မဟုတ် သင့်ကို ငါအလိုမရှိဟု ငါ့အား မိန့်တော်မူလျှင် ငါရှိပါ၏။ အလိုတော် ရှိသည့်အတိုင်း ပြုစေသတည်း။" (၂ရာ ၁၅း၂၅-၂၆)

 

ဒါဝိတ်သည် မိမိ၏ သား အဗရှလုံက ရာဇပလ္လင် ရှင်ဘုရင့် အရိုက်အရာကို မိမိထံမှ လုယူရန် ကြိုးစားသောအခါ (၂ရာ ၁း၅) ဤမူ နိယာမ ကို နားလည် သဘော ပေါက်ထားသည်။ ဒါဝိတ်သည် ရုန်းကန်၍ ရှင်ဘုရင့် အရိုက်အရာကို ဖက်တွယ် ထားခြင်း မပြု။ သို့ရာတွင် ဘုရားသခင် အပေါ်တွင် မိမိ၏ ယုံကြည်ခြင်း မြဲမြံစွာ ထားရှိလေသည်။ ဘုရားသခင်က ၄င်းကို နေရာ ချထားသည့် နေရာမှ ဖယ်ရှားရန် ဘုရားသခင်မှ တပါး အခြား မည်သူ တစ်ဦး တစ်ယောက်မျှ ဖယ်ထုပ်၍ မရနိုင်ကြောင်း သူသိထားပြီး ဖြစ်သည်။ အဗရှလုံသည် အသတ်ခံရပြီး၊ ဒါဝိတ်သည် ရှင်ဘုရင်အဖြစ် ဆက်လက် တည်ရှိခဲ့လေသည်။ ဘုရားသခင်သည် မိမိအား နေရာချထားလိုသော နေရာတွင် ထားရှိလောက်အောင် ကြီးမားလှပါသည်။ ကိုယ်တော်မြတ်သည် သင်၏ စိတ်နှလုံးထဲတွင် ရှိသော သင်၏ ဆန္ဒများကိုလည်း သိရှိ၍ သင်သည် မည်သည့်အရာ ကိစ္စအတွက် အဆင်သင့် ဖြစ်နေပြီ၊ ထိုက်တန်သည်ကို လည်း သိရှိတော်မူသည် ကိုယ်တော်မြတ်သည် ဒါဝိတ်ကို သိုးထိန်း သူငယ် တစ်ဦး အနေဖြင့် တွေ့ရှိခဲ့ပြီးနောက် ရှင်ဘုရင် အရာနှင့် ချီးမြှောက် ခဲ့လေသည်။

 

ကိုယ်တော်မြတ်သည် သင့်ကို ရှာဖွေ တွေ့ရှိနိုင်ပါသည်။ သင်သည် ထိုအရာအတွက် စိတ်ဖရိုဖရဲ မဖြစ်ပါနှင့်။ လူများနှင့် အကြိတ်အနယ် ရုန်းကန် နေရမည့် အစား သင်၏ အမှုကိစ္စကို ဘုရားသခင် ထံသို့ ယူဆောင်သွား၍ ဆက်ကပ်ပါ။ ကိုယ်တော်မြတ်က လမ်းညွှန် ပေးတော် မူသည်ကို တွေ့ရပါလိမ့်မည်။ အာဗြံနှင့် စာရဲတို့သည် ဘုရားသခင်၏ အထံတော်မှ နှုတ်ခပတ်တော် တစ်ခုကို ရရှိခဲ့ကြလေသည်။ ထိုနှုတ် ခပတ်တော်ကို ဘုရားသခင်က မိမိ၏ အချိန် အစီအစဉ်အတိုင်း အကောင်အထည်ဖော် မည်ကို မစောင့် ဆိုင်းနိုင်ဘဲ မိမိတို့၏ အစီအစဉ် ဖြင့်သာ အကောင်အထည်ဖော်ခဲ့ကြသဖြင့် ဣရှမေလကို ဖွားမြင်လေသည်။ ညီအစ်ကို များအတွင်း ကြီးမားသော ပြဿနာများ ဖြစ်ပေါ်လာခဲ့ပြီး ၄င်းပြဿနာသည် ယနေ့ထက်တိုင်အောင် ဆက်လက် ဖြစ်ပွားနေပါသည်။ ဘုရားသခင်ကို ယုံကြည် စိတ်ချ၍ စောင့်ဆိုင်ပါ။

Comments

Popular posts from this blog

ဖခင်များနေ့အတွက် ကျမ်းချက်များ

သမ္မာကျမ်းစာမှ အမည်များ

ဘာကြောင့် ဘုရားကျောင်း တတ်ရတာလဲ။