အဗ္ဗဒူ၏ ခရီးစဉ်
[youtube http://www.youtube.com/watch?v=-_uwFpChZdM]
ဒီဗွီဒီယို ဇတ်လမ်းလေးကို ကျွန်တော်တို့ရဲ့ “ဟုတ်မှန်သောအလင်း မိတ်သဟာရ” အဖွဲ့က ဘာသာပြန်ဆိုကာ မြန်မာမှုပြု အသံသွင်းထားတဲ့ ဇတ်လမ်းလေး ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံက အဗ္ဗဒူ ဆိုတဲ့ ကောင်းလေး တစ်ယောက်ဟာ စိတ်ပျက်လက်ပျက်နဲ့ လမ်းလျှောက်လာတုန်း ခရစ်ယာန် သာသနာပြု ဆရာ တစ်ဦးနဲ့ တွေ့ပြီး ကျမ်းစာအုပ် တစ်အုပ် လက်ဆောင် ရလိုက်ပါတယ်။ အဲဒီနောက် ခရစ်တော်ကို လက်ခံခဲ့လို့ အိမ်က နှင်ချခံလိုက်ရတယ်။ ဒါပေမဲ့ အတော်ကြာတဲ့အခါ ဘုရားသခင်က အဲဒီရွာကို ပြန်သွားပြီး ခရစ်တော် အကြောင်း ပြောဘို့ စေခိုင်းခံခဲ့ရတယ်။ အိမ်သားတွေက လက်မခံလို့ သူငယ်ချင်း တစ်ယောက်ထံမှာ နေရင်း အဲဒီ သူငယ်ချင်းကို သက်သေခံရာကနေ အဲဒီ သူငယ်ချင်းက ပြောင်းလဲသွားတယ်။ အဲဒါကို သူငယ်ချင်းရဲ့ မိသားစုနဲ့ ရွာသားတွေ သိသွားပြီး သူ့ကို ကြိုးနဲ့ချည် ရိုက်နှက်ကာ ရွာပြင်ကို နှင်ထုပ်လိုက်တယ်။ ဒါပေမဲ့ ပြောင်းလဲလာတဲ့ သူငယ်ချင်းက လာရောက်ကယ်တင်ပြီး နှစ်ခြင်း ပေးဘို့ တောင်းခဲ့တယ်။ အဲဒီနောက် အဲဒီ နှစ်ယောက်အားဖြင့် အဲဒီရွာမှာ နိုးထမှုကြီး ဖြစ်လာတော့တယ်။
အခုဆိုရင် သူ့ကို ရိုက်ခဲ့တဲ့ ရွာသားတွေဟာ ပြောင်းလဲ ပြောင်းလဲသွားခဲ့ပြီး အခုဆိုရင် အဲဒီ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူပေါင်း ၂၈၀၀၀၀ (နှစ်သိန်း ရှစ်သောင်း) ကျော်ဟာ ပြောင်းလဲလာခဲ့ကြပြီး အသင်းတော်တွေလည်း ပွားများလာပါတော့တယ်။
အဲဒီ နိုးထမှုရဲ့ ဇတ်မြစ်ကို လေ့လာပြီး ကျွန်တော်တို့လည်း အမိမြန်မာနိုင်ငံတော်အတွက် ဧဝံဂေလိ သတင်းစကားကို ဟောပြော၍ နိုးထမှုကို မျှော်လင့်ကြပါစို့
အထက်တွင် ဖော်ပြထားသော ဗွီဒီယိုကို ကြည့်ရန် အခက်အခဲ ရှိပါက အောက်ပါ လင့်တွင်လည်း ကြည့်ရှုနိုင်ပါသည်။
ဧ၀ံဂေလိ သတင်းကောင်း၏ အကျိုးဆက်များ by minlwin
ဘုရားသခင် ကောင်းကြီးပေးပါစေ။

Comments
Post a Comment