ထမြောက်ခြင်းကို ယုံကြည်တဲ့ အာဗြဟံ
ဒီဗွီဒီယို ဇတ်လမ်းလေးကို ဟုတ်မှန်သောအလင်း မိသဟာရက မြန်မာ ဘာသာပြန်ပြီး တင်ဆက်ပေး ထားတာ ဖြစ်ပါတယ်။ ကမ္ဘာဦးကျမ်း အခန်းကြီး (၂၂)မှာ ရှိတဲ့ အာဗြဟံရဲ့ အကြောင်းလေးပါ။ အာဗြဟံကို ဘုရားသခင်က သားဖြစ်သူ ဣဇက်ကို ယဇ်ပူဇော်ရမယ် လို့ ပြောလိုက် တဲ့အခါ အာဗြဟံဟာ လုံးဝ မငြင်းဘဲ သားဖြစ်သူ ကို ယဇ်ပူဇော်လိုက်ပါတယ်။
ဘာဖြစ်လို့ ယဇ်ပူဇော်တာလဲ။ အာဗြဟံဟာ ထမြောက်ခြင်းကို ယုံကြည်တဲ့ အတွက်ကြောင့်သာ ယခုကဲ့သို့ လုပ်ဆောင် ခြင်း ဖြစ်ပါတယ် ဆိုတာကို ရောမ ၄း၁၇ မှာ ဖေါ်ပြထား တာကို တွေ့ရပါတယ်။
ဒီဇတ်လမ်းလေးကို ကြည့်ပြီးတော့ ခွန်အားယူကြည့်ပါ။ ဇတ်လမ်းဟာ ၁၇ မိနစ်ကြာ ပါတယ်။ မြန်မာပြည် အင်တာနက် ကွန်နရှင်နဲ့ ကြည့်ဘို့ ခက်ခဲပေမဲ့ ခွန်အားဖြစ်စေတဲ့ ဇတ်လမ်းလေး ဖြစ်တာကြောင့် ကြည့်ဖြစ်အောင် ကြည့်ဘို့ တိုက်တွန်း လိုက်ပါတယ်။
ငါသည်သင့်ကို လူမျိုးအများတို့၏ အဘဖြစ်စေ၏ ဟုကျမ်းစာ၌ လာသည် နှင့်အညီ၊ ထိုအာဗြဟံ သည်ကား၊ သေလွန်သော သူတို့ကို ရှင်စေတော် မူထသော၊ မဖြစ်သေးသော အရာတို့ကို ဖြစ်သော အရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင် တည်းဟူသော၊ ကိုယ်တိုင် ယုံကြည်သော ဘုရား ရှေ့တော်၌ ခပ်သိမ်းသော ငါတို့၏ အဘဖြစ်သတည်း။ (ရောမ ၄း၁၇)
အာဗြဟံနှင့် သားဣဇက်
မြန်မာဘာသာပြန်
[youtube http://www.youtube.com/watch?v=k4kEZCr2vtg]
Comments
Post a Comment