စာဖတ်ပရိသတ်အား တောင်းပန်ခြင်း

ကျွန်တော် ရေးသားနေသော နှုတ်ကပတ်တော် ဝေငှချက်များကို ဖတ်ရှု၍ ခွန်အားယူနေသော ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျာ
ကျွန်တော်ဟာ ဘယ်လောက်အခက်အခဲ ရှိရှိ ဒီဘလောဂ်လေးကို ကြိုးစားရေးသားခဲ့ပါတယ်။ ဒါပေမဲ့ ယခုအခါမှာ အလုပ်များလွန်းသည်က တစ်ကြောင်း။ ကွန်ပြူတာတွင် ကြာရှည်ထိုင်ရန် မဖြစ်နိုင်သည်က တစ်ကြောင်းကြောင့် စာများ ရေးသားခြင်းအလုပ်ကို ပျက်ကွက်ခဲ့သည်များ ရှိပါတယ်။ ဒါကြောင့် ပို့စ် အသစ်တွေ တက်မလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်ကြီးကို တောင်းပန်ပါတယ်။
ဒါပေမဲ့ စာအရှည်တွေကို စနစ်တကျ လေ့လာပြီး ရေးသားဘို့ အခက်အခဲ ရှိပေမဲ့ အတိုလေးများကိုတော့ ဖေ့ဘွတ်မှာ page လေးတစ်ခုဖွင့်ပြီး ရေးသားနေပါ တယ်။ နှုတ်ကပတ်တော် ကို ဝေငှဘို့ဘဲဖြစ်ဖြစ်၊ သင်ယူဘို့ဘဲ ဖြစ်ဖြစ်၊ လေ့လာဘို့ဘဲဖြစ်ဖြစ် လာရောက်လေ့လာနိုင်ပါတယ်။ အဲဒါကတော့ ဘုရားသခင်၏ ကျမ်းစာ ဆိုတဲ့ စာမျက်နှာလေးဖြစ်ပါတယ်။ အဲဒီ အစိမ်းရောင် လင့်ကလေးကို နှိပ်ကြည့်ပါ။ လာရောက် လေ့လာနိုင်ပါတယ်။ ယခုအခါ ယုံကြည်သူ တော်တော်များများဟာ အဲဒီနေရာမှာ ရှိတဲ့ နှုတ်ကပတ်တော်တွေကို ပုံမှန်ရရှိနိုင်ဘို့ LIKE လုပ်ထားကြပါတယ်။ မိတ်ဆွေကိုလည်း ခေါ်ဖိတ်ပါတယ်။
ဒီဘလောဂ်လေးကို အချိန်ရရင် သို့မဟုတ် ကူညီမဲ့သူ တစ်ယောက်ယောက် ရှိရင် ဆက်လက် ရေးသားမှာပါ။ ဒါကြောင့် နှုတ်ကပတ်တော်ကို ချစ်သော မိတ်ဆွေများ အားလုံးကို ကျွန်တော်က ဆက်လက် နှုတ်ကပတ်တော်များဖြင့် ခွန်အားပေး အလုပ်အကျွေးပြုမှာ ဖြစ်ကြောင်း ကတိပေးလိုက်ပါတယ်။
ကျွန်တော်နဲ့ အဆက်အသွယ်မပျက်ဘို့ တောင်းဆိုပါရစေ။
နာမတော်မြတ်၌
မင်းလွင်

Comments

  1. ဘုရားသခင်၏ကျေးဇူးတော်ကြောင့်နုတ်ကပတ်တော်ကိုသိခွင့်ရ ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးတော်ကိုချီမွမ်းပါတယ်

    ReplyDelete
  2. ဆရာ... ရေးသားသောနူတ်ကပတ်တော်တွေဖတ်ပြီးအမြဲခွန်အားယူနေပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ ဘုရားသခင်ဆက်လက်အသုံးပြူပါစေလို.ဆုတောင်းပေးပါတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

ဖခင်များနေ့အတွက် ကျမ်းချက်များ

သမ္မာကျမ်းစာမှ အမည်များ

ဘာကြောင့် ဘုရားကျောင်း တတ်ရတာလဲ။