ခရစ်ဝင်ကျမ်းများတွင် ဖော်ပြသော ခရစ်တော်ပြုလုပ်ခဲ့သည် နိမိတ်လက္ခဏာများ


ယခုဖေါ်ပြပေးမှာက ယေရှုခရစ်တော်ရဲ့ နိမိတ်လက္ခဏာတွေ အကြောင်းပါ။ ဒီနိမိတ်လက္ခဏာတွေထဲမှာ ခရစ်တော်ရဲ့ မွေးဖွားခြင်ကို မဖော်ပြတော့ဘဲ ကိုယ်တော်တိုင် လက်နဲ့ လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ဖော်ပြလိုက်ပါတယ်။

ဒီနေရာမှာ ဖော်ပြထားတာတွေကတော့ အတတ်နိုင်ဆုံး အစဉ်လိုက် ဖြစ်ဘို့ ကြိုးစားဖော်ပြလိုက်ပါတယ်။ တကယ်လို့ သင့်အမြင်နဲ့ ကွဲပြားခဲ့မယ်ဆိုရင် ကျွန်တော်တို့ ကိုင်တွယ်အသုံးပြုတဲ့ အနက်ဖွင့်ကျမ်း (Commentary) တွေ မတူညီလို့ ဖြစ်ပါတယ်။ ဘာမှာ ငြင်းစရာတော့ မရှိပါဘူး။ အချိန်နဲ့ နေရာတွေကိုတော့ မဖော်ပြတော့ပါဘူး။ နိမိတ်လက္ခဏာ ဖြစ်ပွားပုံတွေသာ  ဖော်ပြလိုက်ပါမယ်။


1.     ရေမှ စပျစ်ရေ ဖြစ်စေခြင်း (ယောဟန် ၂း၁-၁၁)


2.     အမတ်ကြီး၏သားကို ကျန်းမာစေခြင်း (ယောဟန် ၄း၄၆-၅၄)


3.     ပေတရုနှင့်အဖွဲ့ကို ငါးများရစေခြင်း (လုကာ ၅း၁-၁၁)


4.     တရားစရပ်တွင် ညစ်ညူသော နတ်ဆွဲသူအား ကျန်းမာစေခြင်း (မာကု ၁း၂၁-၂၈၊ လုကာ ၄း၃၁-၃၇)


5.     ပေတရု၏ ယောက္ခမကို ကျန်းမာစေခြင်း (မဿဲ ၈း၁၄-၁၅၊ မာကု ၁း၂၉-၃၁၊ လုကာ ၄း၃၈-၃၉)


6.     နူသောသူကို သန့်ရှင်းစေခြင်း (မာကု ၁း၄၀-၄၅၊ လုကာ ၅း၁၂-၁၅)


7.     ခြေလက်သေနေသူအား ကျန်းမာစေခြင်း (မဿဲ ၉း၂-၇၊ မာကု ၂း၃-၁၂၊ လုကာ ၅း၁၈-၂၆)


8.     ဗေသေသဓရေကန်အနီးမှ မကျန်းမာသူကို ကျန်းမာစေခြင်း (ယောဟန် ၅း၁-၁၈)


9.     လက်တဘက် သေသူကို ကျန်းမာစေခြင်း (မဿဲ ၁၂း၉-၁၂၊ မာကု ၃း၁-၆၊ လုကာ ၅း၆-၁၂)


10.  တပ်မှူ၏ ငယ်သားကို ကျန်းမာစေခြင်း (မဿဲ ၈း၅-၁၃၊ လုကာ ၇း၁-၁၀)


11.  မုဆိုးမ၏သားကို ထမြောက်စေတော်မူခြင်း (လုကာ ၇း၁၁-၁၇)


12.  မုန်တိုင်းကို ငြိမ်းစေခြင်း (မဿဲ ၈း၂၃-၂၇၊ မာကု ၅း၁-၂၀၊ လုကာ ၈း၂၇-၃၁)


13.  ဂါဒရအိုင်အနီးတွင် နတ်ဆိုးစွဲမှ နတ်ဆိုးနှင်ထုပ်ခြင်း (မဿဲ ၈း၂၈-၃၄၊ မာကု ၅း၁-၂၀၊ လုကာ ၈း၂၇-၃၉)


14.  သွေးသွန်နာစွဲသော အမျိုးသမီးကို ကျန်းမာစေခြင်း (မဿ ၉း၂၀-၂၂၊ မာကု ၅း၂၅-၃၄၊ လုကာ ၈း၄၃-၄၈)


15.  ယာဣရု၏သမီးကို ထမြောက်စေခြင်း (မဿဲ ၉း၁၈-၂၆၊ မာကု ၅း၂၂-၄၃၊ လုကာ ၈း၄၁-၄၆)


16.  မျက်စိကန်းသောသူကို မြင်စေခြင်း (မဿဲ ၉း၂၇-၃၁)


17.  စကားအသောနတ်ကို နှင်ထုပ်ခြင်း (မဿဲ ၉း၃၂-၃၅)


18.  ယေရှု လူငါးထောင်ကို မုန့်ကျွေးခြင်း (မဿဲ ၁၄း၁၃-၂၁၊ မာကု ၆း၃၀-၄၄၊ လုကာ ၉း၁၀-၁၇၊ ယောဟန် ၆း၁-၁၄)


19.  ရေပေါ်တွင် လမ်းလျှောက်ခြင်း (မဿဲ ၁၄း၂၂-၃၃၊ မာကု ၆း၃၀-၄၄၊ ယောဟန် ၆း၁၅-၂၁)


20.  ခါနန်အမျိုးသမီး၏သမီးထံမှ နတ်ဆိုးနှင်ထုပ်ခြင်း (မဿဲ ၁၅း၂၁-၂၈၊ မာကု ၇း၂၄-၃၀)


21.  ဆွံ့အ နားမကြားသူကို ပြန်လည်ကောင်းမွန်စေခြင်း (မာကု ၇း၃၁-၃၃)


22.  လူ လေးထောင်ကို ကျွေးမွေးခြင်း (မဿဲ ၁၅း၂၁-၂၈၊ မာကု ၇း၂၄-၃၀)


23.  မျက်စိကန်းသူကို ပြန်မြင်စေခြင်း (မာကု ၈း၂၂-၂၆)


24.  ၀က်ရူးနာစွဲသောသားကို ပြန်ကောင်းစေခြင်း (မဿဲ ၁၇း၁၄-၂၁၊ မာကု ၉း၁၄-၂၉၊ လုကာ ၉း၃၇-၄၃)


25.  ငါးပါးစပ်ထဲမှ အကြွေစေ့ကို ထုပ်ပေးခြင်း (မဿဲ ၁၇း၂၄-၂၇)


26.  မွေးရာပါမျက်ကန်းကို ပြန်မြင်စေခြင်း (ယောဟန် ၉း၁-၇)


27.  စာတန်ကြောင့် ကျောကုန်းနေသော မိန်းမကို ပြန်ကောင်းစေခြင်း (လုကာ ၁၃း၁၀-၁၇)


28.  ရေဖျဉ်းစွဲသူကို ပြန်ကောင်းစေခြင်း (လုကာ  ၁၄း၁-၆)


29.  လာဇရုကို ထမြောက်စေတော်မူခြင်း (ယောဟန် ၁၁း၁-၄၆)


30.  လူနူ (၁၀) ဦးကို သန့်ရှင်းစေခြင်း (လုကာ ၁၇း၁၁-၁၉)


31.  ဗာတိမဲကို ပြန်မြင်စေခြင်း (မဿဲ ၂၀း၂၉-၃၄၊ မာကု ၁၀း၄၆-၅၂၊ လုကာ ၁၈း၃၅-၄၃)


32.  သဖန်းပင်ကို အကျိန်ပေးခြင်း (မဿဲ ၂၁း၁၇-၂၂၊ မာကု ၁၁း၁၂-၁၄၊ ၂၀-၂၄)


33.  မာလခု၏နားကို ပြန်တပ်ပေးခြင်း (မဿဲ ၂၆း၅၁-၅၆၊ မာကု ၄း၄၆-၄၇)


34.  ကရာနီမှ အံ့သြဘွယ်ရာများ


35.  ပေတရု၏ ငါးဖမ်းခြင်းကို မစခြင်း (ယောဟန် ၂၁း၁-၁၄)


ဤဖော်ပြချက်များကို [Larry Richards. “Every Miracle of the Bible.” ( Nashville: Thomas Nelson Pub., 1998) pp. 198-199] မှ ကူးယူ ဖော်ပြပါသည်။


ခရစ်တော်၏ နိမိတ်လက္ခဏာများကို ဖော်ပြရာတွင် အသုံးပြုသော အနက်ဖွင့်ကျမ်း များ၏ ကွဲပြားခြားနားချက်များအရ မတူညီနိုင်ကြပါ။ အချို့ (၃၃) ခု ဖော်ပြပြီး အချို့က (၄၀) ခန့်လောက်အထိ ဖော်ပြကြပါသည်။

  • ဓမ္မသစ်ကျမ်းစာထဲတွင် နိမိတ်လက္ခဏာများကို ဖေါ်ပြရာတွင်


  •  နိမိတ်လက္ခဏာ (၃၅) ခုစလုံးကို ခရစ်ဝင်ကျမ်း ရေးသားသူတစ်ဦးစီက အကုန်အစင်မဖော်ပြကြပါ။


  • ကျမ်းစာက ရှင်းလင်းစွာ ဖောပြခဲ့သည်မှာ နိမိတ်လက္ခဏာ မြောက်များစွာ ပြုလုပ်ခဲ့ပြီး ရေးသား၍ ပင် မဖြစ်နိုင်ဟု ဖေါ်ပြခဲ့ပါသည်။ (ယောဟန် ၂၀း၃၀-၃၁)


  •  အချို့ နိမိတ်လက္ခဏာများမှာ ခရစ်ဝင်ကျမ်း (၄) စောင်စလုံးက ဖော်ပြပြီး တချို့မှာမူ (၁) စောင်တည်းကသာ ဖော်ပြပါသည်။


  • နိမိတ်လက္ခဏာများကို ဖော်ပြရာတွင် တစ်ခုနှင့်တစ်ခု အဖြစ်အပျက် အစီအစဉ် နေရာ အထားအသို ကွာခြားပါသည်။

Comments

Popular posts from this blog

ဖခင်များနေ့အတွက် ကျမ်းချက်များ

သမ္မာကျမ်းစာမှ အမည်များ

ဘာကြောင့် ဘုရားကျောင်း တတ်ရတာလဲ။